မန္တလေးမှာ ကန်တော်ကြီးလမ်းခွဲအကျော် မန္တလေး-စစ်ကိုင်းလမ်းပေါ်မှာ အာဇာနည် (၁၇)ဦး ဗိမာန် ဆိုတာ ရှိပါတယ်။
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြချိန်မှာ နယ်ချဲ့လက်ပါးစေ စစ်ပုလိပ်တို့ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးသွားရတဲ့ မန္တလေးက ရဟန်းရှင်လူ (၁၇) ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ ဂူဗိမာန်အဖြစ် တည်ထားခဲ့တာပါ။
အရင်တုန်းကတော့ စိမ်းလန်းကျယ်ပြန့်တဲ့ ပရ၀ုဏ်၊ ဗိမာန်အဆောက်အဦး တည်ရှိရာ ကုန်းမြင့်ပေါ်ကို တဆင့်ပြီး တဆင့် တက်သွားရတဲ့ လှေကားထစ်များ၊ ဂန္ထ၀င်လက်ရာဟန် ကော်ရစ်သီယန်တိုင်လုံးများနဲ့ ဗိမာန် အဆောက်အဦး၊ မှတ်တမ်း ကျောက်စာချပ်ကြီးများ... စတာ စတာများနဲ့ ခန့်ညားဖွယ်ရှိခဲ့မှာ အသေအချာပါပဲ...
ဒါပေမယ့် ခုများကျတော့ တာဝန်ယူစောင့်ရှောက်မှုနှင့် ပြုပြင်ထိမ်းသိမ်းမှု အလျင်းမရှိတော့တဲ့အတွက် ခြုံနွယ်များ ထူထပ်ဖုံးလွှမ်းပြီး အနီးအနား ၀န်းကျင်ရပ်ကွက်များမှ တောထိုင်ရာ၊ ထင်းခွေရာ၊ ခြင်းခတ်ရာ... စတာတွေ ပြုလုပ်တဲ့နေရာတစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပါတယ်။
ဒါ့အပြင် ခုအခါမှာ ရေနစ်ရာ ၀ါးကူထိုးသလို အတည်မပြုရသေးသော သတင်းများအရ ထိုဗိမာန် တည်ရှိရာနေရာကြီးကို ဖျက်သိမ်းပြီး မြေကွက်များ စိတ်ပိုင်း လေလံဆွဲမည်ဟု ကောလဟလတစ်ခု ထွက်ပေါ်နေပြန်ရော...
အမှန်သာဆိုလျှင် တကယ့်လွတ်လပ်ရေးတိုက်ပွဲဝင် သမိုင်းတန်ဖိုးတစ်ခု၊ တိုက်ပွဲဝင်ကျဆုံးခဲ့ရသော ရဟန်းသံဃာနှင့်ပြည်သူတို့အား ဂုဏ်ပြုရာ နေရာတစ်ခု... တန်ဖိုးမဲ့စွာ အပြီးသတ်ပျောက်ကွယ်သွားရမည့်အစား...
ဗိမာန်အ၀င် လှေကားထစ်များ
့
ဗိမာန်ဝင်း ၀င်ပေါက် မုခ်ဦး
့
အာဇာနည် ဗိမာန် အဆောက်အဦး
့
ဗိမာန်တွင်းမှ ကျဆုံးသူ အာဇာနည်များ၏ ကျောက်စာများ
့
ခြုံနွယ်များနှင့် ကော်ရစ်သီရန် တိုင်လုံး
့
သမိုင်းမှတ်တမ်းတင် ကျောက်စာများထားရာ
့
အာဇာနည်ဗိမာန် ရှေ့ဘက်မြင်ကွင်း
့
ပျက်စီးစ အဆောက်အဦး
့
ဗိမာန်၏ ရင်ပြင် ကွက်လပ်
(http://thakhingyi.com/ မှ ကူးယူပြီး ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါတယ်။ ဓါတ်ပုံတွေကလည်း ကိုကျော်သူရထွန်း ရိုက်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ကော်ပီရိုက်ဖြစ်တဲ့အတွက် သူ့ထံမှ ခွင့်တောင်းပြီးမှ အသုံးပြုကြပါခင်ဗျား။)
One officer, one soldier dead, many soldiers injured in the ambush attack
by the violence attackers in Nothern Rakhine
-
One officer, one soldier dead, many soldiers injured in the ambush attack
by the violence attackers in Nothern Rakhine
While conducting area clearance ope...
7 years ago