Wednesday, January 23, 2008

ဖြစ်ရာဘ၀မှာ အကောင်းဆုံးဖြစ်ပါစေ

တောင်ကုန်းထိပ်က ထင်းရှူးပင်ကလေး မင်းမဖြစ်နိုင်ရင်၊
တောင်ကြားထဲက ချုံပုတ်ကလေးဖြစ်လိုက်ပေါ့၊
ဒါပေမယ့် အကောင်းဆုံးချုံပုတ်ကလေးတော့ ဖြစ်ပါစေ။
သစ်ပင်တစ်ပင်မဖြစ်နိုင်လည်း ချုံနွယ်ကလေးတစ်ခုတော့ ဖြစ်သင့်ပါတယ်။

ချုံနွယ်မဖြစ်နိုင်လည်း မြက်ပင်ကလေးပေါ့၊
လမ်းမကို ပျော်စရာ အလှဆင်ရအောင်လေ။
အနံ့မွှေးတဲ့ ကတိုးကောင်ကလေး မဖြစ်လည်း ရေထဲက ငါးကလေးပေါ့၊
ဒါပေမယ့် ကန်ထဲမှာ အပျော်ဆုံးငါးကလေး ဖြစ်ပါစေ။

အားလုံးကတော့ ကပ္ပတိန်ဘယ်ဖြစ်နိုင်မလဲ၊
သင်္ဘောသားတော့လည်း ရှိဦးမှပေါ့၊
အလုပ်ကြီးကြီးလုပ်ဖို့လည်းရှိ၊ အလုပ်ငယ်ငယ်လုပ်ဖို့လည်းရှိ၊
တို့လုပ်ရမှာက ကိုယ်ကျရာ ကိုယ့်အနားကအလုပ်။

လမ်းမကြီး မင်းမဖြစ်နိုင်ရင်၊ လမ်းသွယ်ကလေး ဖြစ်လိုက်ပေါ့၊
နေမင်းကြီး မဖြစ်လည်း ငွေကြယ်ကလေးပေါ့၊
အောင်မြင်တယ် ဆုံးရှုံးတယ်ဆိုတာ အရွယ်အစားနဲ့မဆိုင်ပါဘူး၊
မင်းဘာပဲဖြစ်နေဖြစ်နေ အကောင်းဆုံးဖြစ်ဖို့ပဲ လိုတယ်လေ။ ။

စည်သူငြိမ်းအေး ဘာသာပြန်ထားတာပါ။

If you can't be a pine on the top of the hill,
Be a scrub in the valley but be
The best little scrub by the side of the hill;
Be a bush, if you can't be a tree
If you can't be a bush, be a bit of the grass,
And some highway happier make;
If you can't be a muskie, then just be a bass
But the liveliest bass in the lake!

We can't all be captains, we've got to be crew,
There's something for all of us here.
There's big work to do and there's lesser to do
And the task we must do is the near.

If you can't be a highway, then just be a trail,
If you can't be the sun, be a star;
It isn't by size that you win or you fail
Be the best of whatever you are!
Douglas Malloch


Technorati Technorati tags: , , | |

ဖတ်ရှုသူတို့၏ မှတ်ချက်များ

Weblog Commenting and Trackback by HaloScan.com