အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား၏ ဒီမိုကရေစီ ခရီးလမ်းဖြတ်သန်းခဲ့ကြပုံဟာ အလွန်စိတ်ဝင်စားဖို့ကောင်းကြောင်း၊ နှစ်နိုင်ငံစလုံးဟာ စစ်အာဏာအောက်မှ အရပ်ဘက်အာဏာကို ကူးပြောင်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကြတာ ဖြစ်ကြောင်း၊ တောင်ကိုရီးယား တွင် ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်လက်ထက် ၁၉၈၆-၈၇ တွင် သမ္မတကို လူထုတိုက်ရိုက်မဲဖြင့် ရွေးကောက်တင်မြှောက်ရန် သဘောတူခဲ့ သည်မှစတင်ကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ ဖြစ်ပေါ်လာကြောင်း၊ ချန်ဒူးဝမ်မှ သူ့ကိုဆက်ခံသူအဖြစ်လျာထားသည့် ဗိုလ်ချုပ်ကြီး နိုတေဝူးကို အတိုက်အခံသမ္မတလောင်းနှစ်ဦးက ယှဉ်ပြိုင် အရွေးခံကြကြောင်း၊ အတိုက်အခံနှစ်ဦး မဲကွဲသားသဖြင့် နိုတေဝူးပင် အနိုင်ရခဲ့ကြောင်း၊ နိုတေဝူး သမ္မတဖြစ်နေချိန်တွင် အတိုက်အခံသမ္မတလောင်းတစ်ဦးဖြစ်သည့် ကင်ယန်းဆမ်က နိုတေဝူးနှင့်ပေါင်းလိုက်သဖြင့် နောက်ရွေးကောက်ပွဲတင် နိုတေဝူးက ကင်ယန်းဆမ်ကို သမ္မတလောင်းအဖြစ် ရွေးလိုက်ကာ ရွေးကောက် ပွဲတင် ကင်ယန်းဆမ်နိုင်ပြီး အတိုက်အခံ ကင်ဒေးဂျုံ ရှုံးနိမ့်သွားကြောင်း၊ နောက်ရွေးကောက်ပွဲတင်မှ ကင်ဒေးဂျုံနိုင်ပြီး သမ္မတဖြစ်လာ ကြောင်း၊ ယင်းသည် တောင်ကိုရီးယားဒီမိုကရေစီဖြစ်စဉ်တွင် အင်မတန်ကောင်းသည့် လှည့်ကွက်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားကမူ ဗိုလ်ချုပ်ကြီး ဆူဟာတိုက ဂိုလ်ကာပါတိ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့ရာမှ ၁၉၉၈ တွင် တိုင်းပြည်စီးပွားရေးအကျပ်အတည်းမှစကာ လူထုအုံကြွမှုဖြစ်ပြီး အပြောင်းအလဲဖြစ်ခဲ့ကြောင်း၊ လွှတ်တော်ထဲတွင် စစ်တပ်မှ အချိုးကျပါဝင်သည့်ရာခိုင်နှုန်းကို နိုင်ငံရေးအင်အားစု များနှင့် စစ်တပ် ညှိနှိုင်းပြုပြင်ခဲ့ကြကြောင်း၊ နောက်မှ အရပ်သား သမ္မတ၊ အရပ်သားအစိုးရများ တက်လာကြောင်း၊ ယခုဆိုလျှင် ဒီမိုကရေစီ အခြေတကျဖြစ်နေပြီဖြစ်ကြောင်း၊ ယခုလက်ရှိသမ္မတ ယူဒိုယိုနိုသည် စစ်ဘက်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသားကျသွားလျှင် စစ်ဘက်၊ အရပ်ဘက်ဟု ခွဲခြား ကြည့်မနေကြတော့ကြောင်း၊ လူတော်လူကောင်းများအား ပြည်သူလူထု က ရွေးတင်သွားမည်သာဖြစ်ကြောင်း၊ အရည်အချင်းမရှိဘဲ ခေါင်းဆောင်လုပ်ချင်၍ မရနိုင်တော့ကြောင်း ဆရာမောင်ဝံသကပင် သုံးသပ် ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် ပဒေသရာဇ်စနစ်မှ ကိုလိုနီစနစ်၊ ယင်းနောက် လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ပါလီမန် ဒီမိုကရေစီစနစ်ကာလ ယင်းစနစ်အပေါ် လွတ်လပ်ရေးမော်ကွန်းဝင် သခင်သိန်းဖေကလည်း ဦးနုခေတ်က ပါလီမန်ဒီမိုကရေစီ အပြည့်ရခဲ့ပြီး လွတ်လပ်စွာ ဟောပြောခွင့်ရရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း အင်္ဂလိပ်ဒီမိုကရေစီစနစ်ပုံစံကို ဦးနုအစိုးရက တစ်ခါတည်း ချသုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဂင်္လိပ် ဒီမိုကရေစီအတိုင်း ရွေးကောက်ပွဲကို လွတ်လပ်စွာ ဝင်နိုင်၊ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ကြောင်းဖြင့် ပါလီမန်ဒီမိုကရေစီကို တမ်းတပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေစီးကြောင်းကိုကြည့်လျှင် ရေကတော့စီးနေကြောင်း၊ သို့သော် အလျဉ်နှေးကွေးသည်ဟု ပြောစရာရှိကြောင်း၊ ၁၉၈၈ တွင် ပြည်သူလူထုက ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် နိုင်ငံတော်အာဏာသုံးရပ်ကို ကိုင်တွယ်ထား သည့် တပ်မတော်မှ ၁၉၉ဝ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထေရွေးကောက်ပွဲ ကျင်းပပေးခဲ့ကြောင်း၊ ထို့နောက် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်မှစကာ ကျင်းပခဲ့ပြီး လမ်းပြမြေပုံ ကြေညာပြီး လုပ်ငန်းစဉ်များ ဆက်လုပ်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဒီမိုကရေစီနိုင်ငံရေးအင်အားစုများကလည်း ဒီမိုကရေစီပန်းတိုင် ကိုပဲ ရည်မှန်းထားပြီး သွားနေကြကြောင်း၊ ပန်းတိုင်ထားတာချင်း အတူတူပင်ဖြစ်ကြောင်း၊ မတူတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့်ပတ်သက်သည့် ခံယူချက်အချို့တွင် ကွဲလဲတာလေးတွေရှိကြောင်း၊ ဒါတွေအားလုံးဟာ စားပွဲတင် မျက်နှာချင်းဆိုင်ထိုင်ကာ ဆွေးနွေး ဖြေရှင်းလို့ရတာတွေချည်းဟု မိမိယုံကြည်ကြောင်း၊ အခုလည်း ဆွေးနွေးနေကြကြောင်း၊ အောင်မြင်တဲ့အထိ ဆွေးနွေးသားကြမည်ဟု လည်း မိမိမျှော်လင့်ထားကြောင်း ဆရာမောင်ဝံသက ပြောဆိုခဲ့သည်။ဒီမိုကရေစီစနစ်သည် ယနေ့ကမ္ဘာတွင် အများလက်ခံကျင့်သုံးသော စနစ်ကြီးတစ်ရပ်ဖြစ်လာရုံမက ယင်းစနစ်တွင် ပါဝင်ရမည့် ပြည်သူများ၏ အခန်းကဏ္ဍ၊ အစိုးရ၏ အခန်းကဏ္ဍများပါဝင်နေပေရာ မိမိတို့ သည်လည်း ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမည့် စိတ်ဓါတ်များကို မွေးမြူကျင့်ကြံကြရပေမည်။ အလားတူ ယင်းဒီမိုကရေစီစနစ်ကို အယောင်ပြပြီး အာဏာရယူမှုမျိုးကိုလည်း သတိပြုရမည်ဖြစ်ပေသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ''ဒီမိုကရေစီတိုင်း ဒီမိုကရေစီ တာ မဟုတ်ဘူး။ ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံဖမ်းပြောကြတာ အများကြီးပဲ။ ဒီလို အာဏာလုကြတဲ့အခါ ဒီမိုကရေစီဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားလို့ ကြွေးကြော်ပြီး ညာတဲ့စနစ်တွေလဲရှိတယ်။ လူထုကတင်မြှောက်ပြီး လူတွေရဲ့ အကျိုးကိုလုပ်တဲ့ လူထုရဲ့အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်'' ဟု ပြောဆိုသွားခဲ့ပေသည်။မြန်မာနိုင်ငံတွင်လည်း တစ်ချိန်က ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သော်လည်း ဒီမိုကရေစီစနစ်ကို ပီပြင်အောင်ဖော်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့မြင်ရပေသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစကာ ဒီမိုကရေစီဝေါဟာရသည် မြန်မာနိုင်ငံတွင် တစ်စတစ်စ ပြန်လည်ခေတ်စားပေါ်ထွန်းလာခဲ့ပြီး ယနေ့ နိုင်ငံတော်အစိုးရသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ ရောက်ရှိအောင်ဖော်ဆောင်နေသောကာလတစ်ခုအဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်သည်။အချုပ်ဆိုရသော် ယနေ့ကမ္ဘာကြီးတွင် ရှေးယခင်က ကြီးစိုးခဲ့သော ပဒေသရာဇ်စနစ်များ မှေးမှိန်ပျောက်ကွယ်ခဲ့ရပြီး ပြည်သူ ကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်နိုင်သော ဒီမိုကရေစီစနစ်များ ထွန်းကားလာပြီ ဖြစ်ပါသည်။ ယင်းသို့ ဒီမိုကရေစီစနစ်များ နိုင်ငံတိုင်းတွင် ကျင့်သုံးလာမှုများပြားလာခြင်းနှင့်အတူ နိုင်ငံတိုင်း၏ ပထဝီအနေအထား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ စသည်တို့နှင့်ကိုက်ညီသည့် မိမိနိုင်ငံ နှင့်သင့်လျော်မည့် ဒီမိုကရေစီစနစ်များကို ရွေးချယ်ကျင့်သုံး ဖော်ဆောင်လာကြသော်လည်း ဒီမိုကရေစီ၏အနှစ်သာရမှာ ပျောက်ကွယ် သွားခြင်းမရှိသည်ကို တွေ့ရပါကြောင်း။ ။
(၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်ပါ D. မင်း၊ သန့်ကျော်ဇင်၊ ဇော်ကိုသက်နှင့် ငွေစန္ဒီတို့ စုစည်းရေးသား သည့် ပြည်သူအားလုံးလိုချင်သောဒီမိုကရေစီ၊ ဒီမိုကရေစီဆိုတာဘာလဲ ဆောင်းပါးမှ ထုတ်နှုတ်ထားပါသည်။)
One officer, one soldier dead, many soldiers injured in the ambush attack
by the violence attackers in Nothern Rakhine
-
One officer, one soldier dead, many soldiers injured in the ambush attack
by the violence attackers in Nothern Rakhine
While conducting area clearance ope...
7 years ago